OUR PURPOSE
Myanmar TOGI ၏ ရည်ရွယ်ချက်
Myanmar TOGI သည် ဂျပန်နိုင်ငံရှိ မြန်မာလူမျိုးများ စက်မှုနည်းပညာကို နားလည်ကျွမ်းဝင်ပြီး လက်တွေ့လုပ်ငန်းခွင်တွင် ဘေးကင်းစွာ၊ တာဝန်ယူမှုရှိစွာ အလုပ်လုပ်နိုင်ရန် ပံ့ပိုးပေးလိုပါသည်။
ရည်ရွယ်ချက် အသေးစိတ် ဖတ်မယ်
စာမေးပွဲအောင်မြင်ရုံသာမက၊ JAIM က သတ်မှတ်ထားသော အသိပညာနှင့် ကျွမ်းကျင်မှုလိုအပ်ချက်များကို ပြည့်မီပြီး သင်ယူထားသည့် နည်းပညာ၊ အရည်အသွေးနှင့် ဘေးကင်းရေးအသိပညာများကို လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်လုပ်သားများ ဖြစ်လာရန် ရည်ရွယ်ပါသည်။
ထိုမှတစ်ဆင့် မြန်မာလုပ်သားများ၏ အရည်အချင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာရေး၊ ဂျပန်လုပ်ငန်းများအတွက် အရည်အသွေးပြည့်မီသော ကျွမ်းကျင်လုပ်သားများ ရရှိရေးတို့ကို အထောက်အကူပြုလိုပါသည်။
ရေရှည်တွင်လည်း သင်ယူရရှိထားသော အသိပညာ၊ နည်းပညာနှင့် လုပ်ငန်းခွင်အတွေ့အကြုံများကို အခြေခံ၍ အမိနိုင်ငံ မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါသည်။
နည်းပညာကို နားလည်ခြင်း
လက်တွေ့ အသုံးချနိုင်ခြင်း
ဘေးကင်းစွာ အလုပ်လုပ်ခြင်း
MYANMAR TOGI · 特定技能1号・2号
製造分野
機械金属加工区分
知識を、現場で使える力に。
ထုတ်လုပ်ရေးလုပ်ငန်းအတွေ့အကြုံ မရှိသေးသူများမှ စာမေးပွဲနှင့် လုပ်ငန်းခွင်အတွက် ပြင်ဆင်နေသူများအထိ ဂျပန်ဝေါဟာရ၊ မြန်မာရှင်းပြချက်နှင့် ပုံများကို တွဲဖက်လေ့လာနိုင်ပါသည်။
စက်မှုနည်းပညာကို မြန်မာဘာသာဖြင့် နားလည်လွယ်အောင် လေ့လာပြီး လုပ်ငန်းခွင်မှာ အသုံးချနိုင်ဖို့ အတူပြင်ဆင်ကြမယ်။

START WITH A SAMPLE
နမူနာ လေ့လာကြည့်မယ်
စိတ်ဝင်စားတဲ့ ခေါင်းစဉ်ကို ရွေးပြီး ပုံနဲ့ မိတ်ဆက်အကျဉ်း ဖတ်ကြည့်ပါ။
TRY 10 QUESTIONS
နမူနာမေးခွန်း ၁၀ ခု
လေ့လာထားတာကို စမ်းကြည့်မယ်။ ဤမေးခွန်းများသည် မိတ်ဆက်လေ့ကျင့်ရန် ဖန်တီးထားသော မေးခွန်းများ ဖြစ်ပါသည်။
LEARN MORE
ပိုမိုလေ့လာလိုပါက
သင်တန်းအကြောင်း သိရှိရန် Email လိပ်စာ ထည့်ပေးပါ။ သင်တန်းအချက်အလက်များ ပို့ပေးပါမည်။
特定技能1号 · 特定技能2号
မြန်မာဘာသာဖြင့် နည်းပညာနှင့် လုပ်ငန်းသုံး ဂျပန်စကားလုံးများကို တွဲဖက်လေ့လာမယ်။
